အနာဂါတ်မှာ လူငယ် တွေ ပိုတောက်ပနိုင်ဖို့ AI for Youths 2 Days Workshop !!
တစ်နေ့ထက် တစ်နေ့ ပိုတိုးတက်လာတဲ့ AI နည်းပညာ နောက်မှာ ကျွန်တော်တို့ လူငယ် လူရွယ်တွေ မကျန်ခဲ့စေဖို့
Generative AI နည်းပညာကို အကျိုးရှိရှိ အသုံးချလိုသူများအတွက်
🔸AI Agent & LLM ဆိုတာ ဘယ်လိုမျိုးလဲ❓
🔸ပညာရေး နယ်ပယ်မှာ AI ကို ဘယ်လို အကျိုးရှိရှိအသုံးချမလဲ❓
🔸Career Development အတွက် AI ကို ဘယ်လိုသုံးမလဲ❓
🔸 AI ကို သုံးပြီး အပို ဝင်ငွေ တွေ ဘယ်လို ဖန်တီးနိုင်မလဲ❓
အစရှိတဲ့ Topic တွေကို အခြေ ခံပြီး
ကျွန်တော်တို့ GuruEd Platform ကနေ 2 Days Free Online Workshop လေးပြုလုပ်ပေးသွားဖို့ရှိပါတယ် ခင်ဗျာ🙏
ဒီ Workshop မှာ AI ပိုင်းကို လက်ရှိမှာ အသုံးချအကျွမ်းဝင်ရှိနေတဲ့
လူငယ် Speaker များက ပါဝင် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်
👉Main Speaker တွေအနေနဲ့ ဆွေးနွေးသွားမယ့်သူတွေကတော့
📌Speaker 1- Ye Bhone Lin
Topic - Understanding AI, ML and Agents
ကိုရဲဘုန်းလင်းကတော့ Simbolo & Simbolo AI မှာ AI Engineer အဖြစ် လုပ်ကိုင်နေသူပါ
Grace Analytics စင်တာမှာလည်း AI Instructor အဖြစ် လမ်းညွှန်သင်ကြားပို့ချပေးနေသူဖြစ်ပါတယ်
🥇Samsung AI Hackathon ပြိုင်ပွဲမှာလည်း First-Runner Up
🏅Technortalနည်းပညာပြိုင်ပွဲမှာ (Winner Award)တွေကို ဆွတ်ခူးရရှိထားတဲ့ လူငယ် Professional တစ်ယောက်ပါ
ယခုလက်ရှိလည်း Omdena Myanmar ရဲ့ ပရောဂျက်တွေကိုLocal Chapter Lead အဖြစ်တာဝန်ထမ်းဆောင်နေသူတစ်ဉီးဖြစ်ပါတယ်
📌Speaker 2 - Wai yan Lin Htet
- Leveraging AI in Productivity & Content Creation
ကိုဝေယံလင်းထက်ကတော့ GuruEd လို့ ခေါ်တဲ့ Mentoring & Freelancing EdTech Platform နှင့် AI Marketing Agency ဖြစ်တဲ့ GuruTechX စတဲ့ Tech Startup တွေရဲ့ Founder ဖြစ်ပါတယ်
လက်ရှိ ထိုင်း မှာ Travel Agency နှင့် International School တစ်ခု အတွက် Digital Marketing Head အနေနဲ့ လုပ်ကိုင် နေပါတယ်
လူငယ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် Al & Digital Tools တွေကို Marketing မှာ လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ဖို့ Training ပေးလျက်ရှိပါတယ်။ ✨
📌Speaker 3 - Min Khant Ko Ko @ Alex
Topic - Navigating the AI Revolution in Academic Field
ကိုမင်းခန့်ကိုကို ကတော့ Alex's Vlog ဆိုတဲ့ Vlog ရဲ့တည်ထောင်သူ
Digital Creator တစ်ယောက် ဖြစ်ပါတယ်
AI နဲ့ Digital Securityအကြောင်းတွေကို မျှဝေပေးနေသူဖြစ်ပါတယ်
Freelance Marketer အဖြစ် ငါးနှစ်ကျော် အတွေ့အကြုံရှိပြီး
မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံရှိ SME စီးပွားရေးလုပ်ငန်းတွေရဲ့ Digital Development ပိုင်းတွေမှာ ပါဝင်လှုပ်ရှား လုပ်ကိုင်ခဲ့ဖူးသူပါ
ဒီလိုမျိုး အတွေ့အကြုံတွေ ရှိနေတဲ့ Speaker တွေ ဆွေးနွေးပေးသွားမယ့် ဒီ Workshop လေးမှာ
✅ AI ကို ကောင်းကောင်းအသုံး မချတတ်သေးတဲ့ လူငယ်တွေ
✅ AI ကို သုံးပြီး Content Creation ဖန်တီးချင်သူတွေ
✅တက်သစ်စ Freelancer ညီကိုမောင်နှမတွေ ကို တက်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ
Knowledge sharing Sessions တွေ အပြင် AI Challenge Contest တွေ AI နဲ့ပတ်သက်နဲ့ Internship အခွင့်အလမ်းတွေ ပါဝင်မယ့်
📅 Online Workshop လေးကို
28 & 29 May, 2025
7PM to 9 PM ( MMT )
မှာ ကျင်းပသွားမှာဖြစ်ပြီး
မည်သူမဆို“အခမဲ့”ပါဝင်နားထောင်၊ ဆွေးနွေးနိုင်ပါတယ်။
ဒီ Workshopမှာ ပါဝင် ချင်တဲ့သူများအနေနဲ့
1. ယခု Post လေးကို Share ပေးပါ
2. Registration Link မှာ Form ဖြည့်ပေးပါ
( Email ကနေ Zoom Link ပို့ပေးပါလိမ့်မယ် )